ပထမဆုံး ချင်းလူမျိုးခရစ်ယာန်များ
နိဒါန်း။
လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာခန့် (1813 ခုနှစ်)က အမေရိကန်သာသနာပြု ဇနီးမောင်နှံများဖြစ်ကြသော
အဒိုနီရမ်ဂျပ်ဆင် (Adoniram Judson) နှင့် အဲန်း (Ann H. Judson) တို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာကြပြီး
ခြောက်နှစ်အကြာ (1819)ခုနှစ် ဇွန်လတွင် ဦးနောသည် ပထမဆုံးသော ယုံကြည်သူ ခရစ်ယာန်ဖြစ်လာသည်။
ထို့နောက် နှစ်ပေါင်း 80ကျော် ကြာလာသည့်အခါ အမေရိကန်နှစ်ခြင်း ယူနီယန်မှ ချင်းလူမျိုးများအကြား စေလွှတ်ခြင်းခံရသော သိက္ခာတော်ရဆရာ အေအီး ကာဆင် (Rev.Arthur E. Carson) နှင့် လော်ရာဟားဒင်း ကာဆင် (Laura Hardin Carson) တို့ဇနီးမောင်နှံသည် 1899ခုနှစ် မတ်လ (15)ရက်တွင် ချင်းတောင်မြောက်ပိုင်းရှိ ဟားခါးမြို့သို့ ရောက်ရှိလာကြသည်။
Rev. Carson သည် မိမိနှင့်လက်တွဲလုပ်ဆောင်မည့်သူ ဆရာဝန်တစ်ဦးလိုအပ်ကြောင်း မီရှင်ဘုတ်အဖွဲ့သို့ တင်ပြရာ အဖွဲ့မှ Dr. Erik H. East ကို မြန်မာနိုင်ငံသို့စေလွှတ်ခဲ့သည်။ Dr. East အလာတွင် အင်းစိန်ကျမ်းစာကျောင်းအောင်မြင်ပြီးသူ ကရင်အမျိုးသား ဆရာရွှေဇံအား ချင်းတောင်သို့ ခေါ်လာရာ (21.3.1902) တွင် ဟားခါးသို့ ရောက်လာကြသည်။ သာသနာပြုဆရာများသည် 1900 ပြည့်နှစ်တွင် Mission ကျောင်းကို ဟားခါးတွင် ဖွင့်လှစ်ပြီး၊ ဒုတိယ Mission ကျောင်းကို တွးတိန်တွင် ထပ်မံဖွင့်လှစ်သည်။ တတိယ Mission ကျောင်းကို Forth White (သိုင်ငင်းနှင့် ခေါ်ဆကြား)တွင် ဖွင့်လှစ်ရန် ဆရာရွှေဇံအား ဟားခါးမှခေါ်ဆ သို့ စေလွှတ်ခဲ့ပါသည်။
ခရစ်တော်၏ ကယ်တင်ခြင်းသတင်းကောင်း ခေါ်ဆရွာသို့ရောက်ရှိလာခြင်း
ချင်းတောင်တွင် သာသနာပြုဆရာများက Mission လုပ်ငန်းကို (5)နှစ် ကြာဆောင်ရွက်ပြီးချန်၊ 1904ခုနှစ်၊ ဧပြီင်္လတွင် ဆရာရွှေဇံသည် ခေါ်ဆရွာတွင် ကျောင်းစာသင်ပေးရင်း ဧ၀ံဂေလိတရားကို ကြိုးစားဟောပြောခဲ့သည်။ 10.7.1904 ခုနှစ်တွင် တိုက်သူကြီး ဦး ပေါင်ဆွင်း (Pausuan) နှင့် ဇနီး ဒေါ် ခမ်ကျန် (Kham Ciang)တို့ပြောင်းလဲလာကြသည်။ ယင်းနှစ်မကုန်မှ အခြားတိုက်သူကြီး ဦး ထွမ်းဟန် (Thuam Hang) နှင့်ဇနီး ဒေါ်ဒိန်ခေါ်ကျိန် (Dim Ko Cing) တို့လည်း ထပ်မံပြောင်းလဲလာကြသည်။ သို့နှင့် Dr. East က အဆိုပါစုံတွဲကို (11.5.1905) ခုနှစ်တွင် ရေနှစ်ခြင်းမင်္ဂလာပေးခဲ့သည်။
ထို့နောက် (17.2.1906) ခုနှစ်တွင် ချင်းတော်တစ်ခုလုံး၏ ပထမဆုံး နှစ်ချင်းခရစ်ယာန်အသင်းတော်ကို ခေါ်ဆရွာတွင် စတင်တည်ထောင်ခဲ့သည်။ ထို့အတူ ဆရာရွှေဇံအား သင်းအုပ်ဆရာအဖြစ်၎င်း၊
ဦးပေါင်ဆွမ်းနှင့် ဦးထွမ်းဟန်တို့အား သင်းထောက်များအဖြစ်၎င်း ခန့်အပ်ဖွဲ့စည်းခဲ့သည်။
ပထမဆုံးပွဲတော် မင်္ဂလာကို (18.2.1906) နေ့တွင် Dr.East လက်မှ ခံယူခဲ့ကြသည်။
ကနဦးယုံကြည်သူများ၏ ဘုရားရှိခိုးကျောင်းမှာ ၀ါးခင်း၊ ၀ါးကာ၊ သစ်ကယ်မိုးထားသည့် အိမ်(တဲ) ဖြစ်ပါသည်။
ဦးပေါင်ဆွမ်း (1875-1951)
ဦးပေါင်ဆွမ်းသည် ချင်းတောင်တန်းတွင် အဦးဆုံးသော ခရစ်ယာန်တစ်ဦးဖြစ်ရုံမျှမက အဦးဆုံးသော ချင်းသာသနာပြုဆရာ တစ်ပါးလည်းဖြစ်သည်။ သူ့ကို ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ခေါ်ဆကျေးရွာတွင် 1875 ခုနှစ်၊ ဖေဖ၀ါရီလ တွင် မွေးဖွားခဲ့ပါသည်။ သူသည် ဇိုမျိုးနွယ် (တီးတိန်အခေါ်- ချင်း)မှ ကိုးဆက်မြောက် "ငဲယ်ငူ" (Ngengu) မျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သည်။ အဖ ဦ်းဒိုထန်နှင့် အမိ ဒေါ် ၀ုမ်ဝုန်တို့၏ သား (3)ဦးအနက် အကြီးဆုံးသားဖြစ်သည်။ ခရစ်ယာန်မဖြစ်မီ ကာလတွင် ရပ်ရွာအုပ်ချုပ်ရေးရာတွင် တိုက်သူကြီးဖြစ်ခဲ့သည်။
ထိုအချိန်က ဦးပေါင်ဆွမ်း၏ ဇာတိမြေဖြစ်သော ဆီးယင်းနယ်တွင် ထူးခြားသော ဓလေ့ထုံးစံတစ်ခုရှိခဲ့သည်။ ယင်းမှာ တစ်ရွာတည်းနေ ဆွေမျိုးသားချင်း အိမ်ထောင်မပြုရဟူသော တားမြစ်ချက် တစ်ခုရှိခဲ့သည်။ ထို့ကြောင့် လူပိျုတစ်ဦးသည် ကြင်ဖော်ရှာသည့်အခါ တစ်ခြားရွာ (သို့) တစ်ခြားဆွေမျိုးများအား ရှာရသည်။ တကယ်လို့ ဆွေမျိုးချင်းချစ်ကြိုက်လို့ ရင်သွေးရပါက ထိုကလေးကို မွေးမွေးချင်း အရှင်လတ်လတ် စွန့်ပစ်ရပြီး ထိုကြင်သူနှစ်ဦးလည်း ရှင်ခွဲ ခွဲကြသည်။ ယင်းဓလေ့ကို ဇိုမျိုးနွယ် 19ဆက်ထိ လိုက်နာကျင့်သုံးခဲ့ကြသည်။ မျိုးရိုးစဉ်ဆက် (20) ဆက်မြောက်သော မောင်ပေါင်ဆွမ်းသည် မိမိနှင့် ဆွေမျိုး (5)ဆက်သာ ခြားသော တစ်ရွာတည်းနေ မခမ်ကျန်နှင့် လူငယ်တို့ သဘာဝ ရည်ငံခဲ့ကြသည်။ ထိုအခါ ဓလေ့ထုံးတမ်းကို လွန်ဆန်ပြီး ထိမ်းမြားလက်ထပ်ပေးရဲသည့် ရိုးရာယစ်ပရောဟိတ်တစ်ပါးမျှမရှိပါ။ မောင်ပေါင်ဆွမ်းသည် ထိမ်းမြားလက်ထပ်ရန် လိုအပ်သည်များကို ကိုယ်တိုင် ထုံးစံအတိုင်းပြုလုပ်ပြီး၊ မိမိကြင်သူ မခမ်ကျန်ကို (1.10.1900) ပြည့်နှစ်တွင် မိမိအိမ်သို့ ခေါ်ဆောင်ပြီး ဇနီးမယားအဖြစ် ပေါင်းသင်းခဲ့လေသည်။
သို့နှင့် သားဦး မောင်လျန်ဇမ် ဖွားမြင်လာသောအခါ စီးယင်းမျိုးနွယ်တစ်စုလုံး၊ တစ်နယ်လုံးက သူတို့၏ သားကို စွန့်ပစ်ရန် အမိန့်ပေး ချမှတ်ခဲ့ကြသည်။ သို့သော် ၄င်းတို့ဇနီးမောင်နှံမှာ နောက်မဆုတ်ပဲ တီးတိန်မြို့နယ်ရှိ (ထိုစဉ် အင်္ဂလိပ် ကိုလိုနီ နယ်ချဲ့အစိုးရ) နယ်ပိုင် ၀န်ထောက်ဖြစ်သော "၀ပ်မင်း" နှင့် ဖလမ်းမြို့ရှိ အရေးပိုင်မင်း Fowler တို့ထံ တိုင်ကြား လျှောက်ထားရာ အောင်မြင်သဖြင့် ၄င်းတို့ဇနီးမောင်နှံတို့ လက်ထပ်ခဲ့သည့် (1.10.1900)နေ့မှစပြီး အစိုးရအမိန့်ဖြင့် စီးယင်းမျိုးနွယ်စု တစ်နယ်လုံးတွင် ဆွေမျိုးသားအချင်းချင်း အိမ်ထောင်ပြုခြင်း (Phung Khawm) စတင်ပေါ်ပေါက်ခဲ့သည်။ သို့ဖြစ်ရာ ဦးပေါင်ဆွမ်းသည် လူမှုရေး အမှောင်နယ်မြေမှ အလင်းသို့ ပြောင်းလဲစေသော လူမှုတော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။
ဦးထွမ်းဟန် (1870-1950)
ဦးထွမ်းဟန်သည် ငဲလ်သူ မျိုးဆက်၊ ထပ်လမ်နွယ် ဦးဟောင်ဆွောင်းနှင့် ဒေါ် ဟောက်ကျိန် တို့၏ သားကြီးဖြစ်ပြီး၊ 1870 ခုနှစ်တွင် တီးတိန်မြို့နယ်၊ ခေါ်ဆရွာတွင် မွေးဖွားခဲ့သည်။ သားကြီးဖြစ်သည်နှင့်အညီ မိသားစုရေး၊ ရပ်ရေးရွာရေးတွင်စီမံခန့်ခွဲသူ ခေါင်းဆောင်(တိုက်သူကြီး) ဖြစ်ခဲ့သည်။
ထိုစဉ်က စီးယင်းနယ်၏ ယုံကြည်ကိုးကွယ်မှုမှာ နတ်ကိုးကွယ်မှုဖြစ်သည်။ နာမကျန်းဖြစ်သောအခါ နတ်ဆိုးနှောက်ယှက်မှုဟုယူဆပြီး နတ်ဆိုးများအား ပူဇော်ပသရသည်။ အိမ်စောင့်နတ်၊ တောစောင့်နတ် များစွာ ရှိသည်ဟု ယုံကြည်ကြရသည်။ နာမကျန်းဖြစ်ပြီဆိုလျှင် ကြက်၊ ၀တ်၊ ဆိတ်တို့မှစပြီး တိရစ္ဆာန်ကြီးများဖြစ်သော ကျွဲ၊ နွား၊ နွားနောက်များကို ပူဇော်ပသရသည်။ ကျန်းမာခြင်း မရသေးလျှင် နတ်များ မကျေနပ်သေး ဟုဆိုကာအကောင်ရေ တိုးတိုးမြှင့်ပြီး ပူဇော်ပသနိုင်ရန် ကြိုးစားကြရသည်။ လဒ်ကောင်းရန်အတွက်လည်း ထိုနယ်းဖြင့် လုပ်ရသေးသည်။
ခရစ်ယာန်ဖြစ်လာခြင်း။
ခေါ်ဆရွာတွင် ကျောင်းဆရာ လုပ်ရင်း သာသနာပြုတာဝန်ကို ထမ်းဆောင်ရန် ဆရာရွှေဇံရောက်ရှိလာသည်။ ထိုအချိန်တွင် ဦးထွန်းဟန်၏သား မောင်ဆွောင်းခေါ်ကန် နာမကျန်းဖြစ်ရာ နည်းအမျိုးမျိုးဖြင့်ကုသော်လည်း မကျန်းမာနိုင်။ ရိုးရာယစ်ပရောဟိတ်ဆရာများက နွားနောက်တစ်ကောင်ဖြင့် နတ်ပူဇော်ရမည်ဟုဆိုကြရာ Pu Thuam Hang မှာ နွားနောက်တစ်ကောင်မျှမရှိပါ။ သို့နှင့် ကျစ်ထားသော သားရေကြိုးခြောက်တစ်ခွေကို နွားနောက်ချည်ရန်ဟု ဆိုပြီး အိမ်မျက်နှာစာရှိ သစ်သားရေလှောင်ကန်တွင် စိမ်ထားလိုက်သည်။ ထိုစဉ် ဆရာရွှေဇံသည် ဦးထွမ်းဟန်အိမ်ရှေ့သို့ရောက်လာပြီး အကျိုးအကြေင်းကိုမေးရာ နတ်ဆိုးတို့အား လှည့်ဖြားသည့်အနေဖြင့် ထိုသို့လုပ်ကြောင်း ဆရာရွှေဇံအားရှင်းပြရာမှ ဆရာရွှေဇံက "မစိုးရိမ်နှင့်၊ ဘုရားသခင်ထံ ကျွန်ုပ်ဆုတောင်းပေးလျှင် ကျမ်းမာခြင်းရမည်" ဟုဆိုပြီး ဆုတောင်းပေးရာ ဦးပေါင်ဆွမ်း၏သား မောင်ဆွောင်းခိုကမ်း ပြန်လည်ကျမ်းမာလာသည်။ ထိုအချိန်မှစပြီး ဦးထွမ်းဟန်တို့ ဇနီးမောင်နှံသည် ကျမ်းမာခြင်းကို ပေးပိုင်စွမ်းရှိသော ထာဝရဘုရားသခင်ကို ယုံကြည်လာကြပြီး ခရစ်ယာန်ဘာသာဝင်များဖြစ်လာကြသည်။
ကနဦး ယုံကြည်သူများ ကြုံတွေ့ခဲ့ရသော အခက်အခဲများ။
Pu Pau Suan သည် ဆွေမျိုးသားချင်း စုံဖက်မှုကို စတင်ခဲ့သူဖြစ်ခြင်း၊ ခရစ်ယာန်ဘာသာဝင်ဖြစ်ခြင်းအကြောင်းများကြောင့် ဆွေမျိုးအတိုင်းဝိုင်းများ၏ အမုန်းကိုခံရပါသည်။ Pu Thuam Hang သည်လည်း ခရစ်ယာန်ဘာသာသို့ ၀င်သောကြောင့် လူမုန်းခံရသည်။ အခြားယုံကြည်သူများသည်လည်း ထိုနည်းတူ ဖြစ်သည်။ ထိုစဉ်က ခရစ်ယာန်ဘာသာဝင်များအား နူနာသည်များကဲ့သို့ သဘောထားပြီး၊ ရွံရှာ၊ ပစ်ပယ်ခြင်းခံရသည့်အပြင် တရွာတည်းတွင်ပင် လုပ်ကိုင်စားသောက်ရန်ပင် မလိုလားကြပေ။ ထို့ကြောင့်ရွာပြင်ပသို့ နှင်ထုတ်ခြင်းခံကြရသည်။
ထိုအချိန်က နတ်ကိုးကွယ်သူများက နတ်ပူဇော်ပသလုပ်ချိန်များတွင် စည်းခြားထားသောနေရာသို့ ခရစ်ယာန်များနှင့် ခရစ်ယာန်များ၏ တိရစ္ဆာန်များနယ်ကျော် ရောက်လာပါက နတ်ပူဇော်ရာတွင် ကုန်ကျသော ငွေကြေးအသပြာအားလုံးကို ပေးလျော်ရသည်။ ခရစ်ယာန်များအားလုံး သေပျောက်ကြရန် ကျိန်ဆဲခြင်းခံရသည်။ ခရစ်ယာန်များ၏ ကောက်ပဲသီးနှံ၊ ယာတောများကို ဖျက်ဆီင်္းပစ်ကြသည်။ 9.3.1925 နေ့တွင် Pu Pau Suan ၏ အိမ် မီးရှို့ခံရကာ ပြာကျသွားသည်။ 1927 ခုနှစ်တွင် Pu Thuam Hang အိမ်ကိုလည်း မီးထပ်မံ ရှို့ကြပြန်ရာ ပြာကျသွားခဲ့ရသည်။
ထိုကဲ့သို့ တိုက်ခိုက်ခံရမှုကြားမှ ကနဦးခရစ်ယာန်များသည် နောက်မဆုတ်ပဲ ကြံ့ကြံ့ခိုင်ကာတည်ခဲ့ကြသဖြင့်၊ ချင်းတောင်တွင် ခရစ်ယာန်များ ဆက်လက်တည်ရှိခဲ့ပြီး၊ ယနေ့တိုင်အောင်ကြီးထွားရျင်သန်လာရပါသည်။
ထို့နောက် Pu Pau Suan သည် နေအိမ်အသစ်ဆောက်လုပ်ပြီး နေထိုင်ခဲ့သော နေအိမ်အား သူ၏သားငယ် ၀ုန်ဇလျန်က ဖခင်ကြီး၏ ခရစ်ယာန် နှစ် (100)ပြည့် အထိမ်းအမှတ်အဖြစ် Zomi Baptist Convention သို့ လှူဒါန်းလိုက်ရာ၊ အဆိုပါအိမ်ကို ဖျက်ပြီး ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ၊ ZBC ၀င်းထဲတွင် ပုံစံငယ်ဖြင့်ဆောက်လုပ်ပြသထားကြောင်း သိရသည်။
Pu Pau Suan ၏ အမှုတော်ဆောင်ခြင်း
Pu Pau Suan သည် 1-6-1907 မှ 31-8-1907 ထိ ဧ၀ံဂေလိ ဆရာဖြစ်သင်တန်း တက်ရောက်အောင်မြင်ပြီး၊
1-9-1907 မှစပြီး ဧ၀ံဂေလိတရားကို စဟောခဲ့သည်။ 1911 ထန်နွဲ တွင် အချိန်ပြည့်အမှုတော်ဆောင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ 1917 တွင် ဆရာရွှေဇံသည် ပြည်မသို့ပြန်သွားသဖြင့် ခေါ်ဆအသင်းတော်ကို Pu Thuam Hang နှင့်အတူ တာဝန်ယူရပါသည်။ Pu Pau Suan သည် မျက်စိအားနဲခြင်းကြောင့် 1928 တွင် အနားယူသည်။ ထိုအခါ Tedim Mission Board က အင်းစိန်ကျမ်းစာကျောင်းဆင်း B.Th ဘွဲ့ရ ဆရာ လျန်း ဇမ်း (Pu Pau Suan ၏ သား) အား အစားထိုးခန့်အပ်လိုက်သည်။ Pu Pau Suanသည် 3.3.1951နေ့ အသက် (73)အရွယ် တွင် ခေါ်တော်မူခြင်းကို ခံရသည်။
Pu Pau Suan ဘုရားလူ၊ အဦးသီးသောအသီး၊ လူမှုတော်လှန်ရေးစတင်သူ၊ ရှေ့ဆောင်လမ်းပြသူ (ထန်နွဲရွာ)၊ တီထွင်ကြံဆသူ စသည်ဖြင့် လူသိများခဲ့သည်။ သူ၏မြေး Kenneth Htang Suangzanang သည် မြန်မာနိုင်ငံ သတ္တမနေ့ ဥပုသ်အသင်း (Seven Day Adventist) အသင်းတော်၏ ခေါင်းဆောင်ကြီး တစ်ပါးအဖြစ် အမှုတော်တွင် လက်ရှိပါဝင်နေဆဲ ဟုသိရသည်။
Pu Thuan Hang ၏ အမှုတော်ဆောင်ခြင်း
Pu Thuam Hang သည် 1911 ခုနှစ်တွင် ထေးဇန် ရွာသို့ ဧ၀ံဂေလိဆရာအဖြစ် စေလွှတ်ခြင်းခံရပါသည်။ သို့သော် 1915တွင် ထေးဇန်ရွာသူကြီးက တီးတိန်သန်ထောက်ရုံးသို့ တိုင်ကြားသဖြင့် ထေးဇန်ရွာတွင် အမှုတော်မဆောင်တော့ဘဲ စီးယင်းနယ်၊ စုသဲနယ်၊ ဂွန်ဂါလ်းနယ်များသို့ ဧ၀ံဂေလိဟောပြောခဲ့သည်။ အချို့ရွာများတွင် မနှစ်သက်ကြသဖြင့် တဲခိုခွင့် မပြုကြပေ။ Pu Thuam Hangသည် ဧ၀ံဂေလိတရားဟောရာတွင် မြင်းစီးပြီး သွားလေ့ရှိရာ သူသုံးသော ပထမမြင်းမှာ ကျားကိုက်ပြီး သေဆုံးရ၏။ ဒုတိယမြင်းမှာလည်း မုဆိုးများက ကျားထင်ပြီး ပစ်သတ်ခဲ့ကြပြန်သည်။ (မှတ်ချက်- ချင်းတောင်တွင် လူလူချင်းတောင်မှ တောရိုင်းတိရစ္ဆာန်မှတ်ပြီး ပစ်သတ်မိတဲ့အမှုမျိုးရှိသည်) တတိယမြင်းမှာလည်း ခိုးရာပါမြင်း ၀ယ်မိပြီး ပိုင်ရှင်ပြန်သိန်းသွားသည်။ စတ္တုတ္ထမြင်းမှာမူ ဒုတိယ ကမ္ဘာစစ်အတွင်း ပျောက်ဆုံးသွားရာ ဂျပန်တပ်သားများ၏ လက်ချက်ဟု ထင်ရသည်။
1917 ခုနှစ် ဆရာရွှေဇံ ပြည်မသို့ ပြန်သွားသဖြင့် Pu Thuam Hang သည် Pu Pau Suan နှင့်အတူ ခေဓဆ နှစ်ခြင်းအသင်းတော်အား တာဝန်ယူရသည်။ တဖန် 1925 ခုနှစ် ဟားခါးအစည်းအဝေးကြီးမှ Pu Thuam Hang ကို သိက္ခာတော်ရဆရာအဖြစ် ဘိသိတ်ပေးရာ၊ ထိုအချိန်မှစပြီး Rev. Thuam Hang သည် ခေါ်ဆနှစ်ခြင်းအသင်းတော်၏ အချိန်ပြည့် သင်းအုပ်ဆရာဖြစ်လာပါသည်။
1936 ခုနှစ်တွင် သိက္ခာတော်ရဆရာ ဆရာ Thuam Hang ကို အငြိမ်းစားပေးခဲ့သော်လည်း၊ ခေါ်ဆအသင်းတော်တွင် သင်းအုပ်ဆရာမရှိသဖြင့် သင်းအုပ်တာသန်ကို ဆက်လက်ယူခဲ့ရာ (7-7-1950)ခုနှစ် ခေါ်တော်မူခြင်းခံရသည့်တိုင် အမှုတော်မြတ်ကို ထမ်းဆောင်ခဲ့ရသည်။
Rev. Thuam Hang အသက်ရှငထင်ရှားစဉ်က အကြိုက်နှစ်သက်ဆုံးကျမ်းပိုက်မှာ ဆာလံ-46း1 ဖြစ်ပါသည်။
မျိုးဆက်သစ်ဖြစ်သော Rev. Thauam Hang ၏ သား Rev. Mang Khaw Pau သည် ခေါ်ဆ နှစ်ခြင်းအသင်းတွင် သင်းအုပ်ဆရာအဖြစ်၎င်း၊ ZBC အထွေထွေအတွင်းရေးမှူးအဖြစ်၎င်း၊ ဘုရားသခင်၏ အစေတော်ကို ခံခဲ့ပါသည်။
စာရေးသူ-
လျာ (စီးယင်း)
မှီငြိမ်း-
1) စီးယင်းနယ်နှစ်ခြင်းခရစ်ယာန်အဖွဲ့သမိုင်း (2010)
2) ဗိုလ်ကြီး ကေအေ ခုပ်ဇထန်း (1973) ၏ ဇို (ချင်း)အမျိုးနွယ်ဆက် စာအုပ်
3) ခေါ်ဆရွာအ၀င်ရှိ ဒေါ်ခမ်ကြောင်၏ ကျောက်စာ
4) ကိုယ်ပိုင်မှတ်စု
သတင်းကောင်းတမန် မဂ္ဂဇင်း အတွဲ- (2)၊ အမှတ် (1)၊ ဇန်န၀ါရီလ-ဖေဖ၀ါရီလ၊ 2011 ခုနှစ် မှ
ထုတ်ဝေသော"မြန်မာ့သမိုင်းထဲက အမှုတော်ဆောင်" ကို ပြန်လည် ဖော်ပြပါသည်။
http://streamoflife99.com/articles.html sung pan psot teng ka la hi..
Lei hupna pan Pasian’ thupitzia kilang
Gravitation pen Universe tha pi te laka khat ahi hi.Gravitation
(lei hupna) pen mass(gihna) nam khat mass pana khenkhiat theih lah ahi
khollo khat hi. Dawhkan(table) koih khawm lecin, amaute kikal ah
kihuupna gravitational force om hi.Lei leh kha ten zong hih
gravitational force nei uh hi.Tua force hang in ocean tuite kilawk zo
hi.Leihupna hangin kha in lampi neiin leitung kimkot cih kithei hi.Ni in
lei a hupna tha sikkhau tawh tehkaak ding hi leeng computer tuat dan
in silkhau golpi tak a lai ah dawt let cianga mile(tai) 8000 banga lian
kuul ding hi. A theihnop dingin ni hupna tha in kahpa sik khau tai 8000
sah bawt tat zo ding cihna hi.
Ahizongin hih pen sikkhau tawh kikhek mawk thei ding dante hi lo
hi.Hih bang sikkhau lei leh ni kikal ah zan mah lehang nisatna hang in
tui mang zel ding hi.Pasian in hihte a bawl lai in mass ah Gravitation
kihelsak pah lo hi leh kilawm hi.Zo khuak tawh hici ngaihsut leeng;
Pasian in a bawl lai in mass ah Gravitation koih pah lo in siik khau zan
hen la ni, kha leh aksi te zawm hi zen leh! A ki pei ciang un bang thu
hong piang diam maw? Khatvei nih vei bek a ki pei sung nangawn un ki
paaikaan mang khin ding uh hi.I omna galaxy a aksi khempeuh leh Galaxy
danga aksi million 1000 val kiim te sik khau tawh kizom hi mawk leh
nawngkai peuh mah ding hi.Galaxy khat leh khat kihup tuahna tha zang
ziau hi.Hih ki hup tuahna pan in Pasian ngaihsut siamzia kilang mah mah
hi.
Gravitation pen a lamdang ki hup tuahna mhingte khek theih loh ahi
hi.Hih gravitation pan in kidal theih zong om tuan lo hi.Ni sat ciangin
nisa lak pana kidal nangin singlim nuai beel thei hi teh.Ahizongin
Gravitation pan in na kidal thei tuan kei ding hi. Mihing ten
Gravitation ut bang dana i bawl phatkik theihloh pen a lungdamhuai thu
khat hi.Ki do lai tak gam khat in a galte gamah gravitation tawm sak
thei mawk leh thu baih hetlo ding hi.Gravitation tha zero(0) ah kia
niamsak thei mawk leh tua gam huih lakah kikhaito vat zawzen ding hi.
Aihkeh a zah nga(5) khawngin khangsak mawk le uh; kalsuan khia
theilo zen in singbul bangin kip ding uh hi. Gravitation in Pasian
vangliatna hong thei siamsak hi. Pasian’ bawlsa nate i ngaihsut ciang
Pasian vangliatna ki ngaihsun thei sem sem hi.Thupi zen si cih loh ngal
gen ding tam lo mai hi.Science lam pan ngaihsun leeng Gravity pen
scientist minthang Sir Isaac Newton muh khiat ahi hi.Ahizongin tua ma
muh khiat ma pekin Pasian in na khempeuh na lem dim diam khin hi.Pasian
in a thupi na mipil scientist te tungtawn in hong kilangsak hi zaw hi.
Pau Tun Thang
Vantung gam om takpi hi (Heaven Is Real)
Asiding
a kithawi asibup mi honkhat hong nuntak kik ciangun amau tuahkhak
akitel zolo thupiang (maangmuhna) pawlkhat genkik thei uh hi. Tuate
lakah tutunga khuaktawh kisai akan/abawl siavuan (neurosurgeon) khatin
ama phuutkhak pawlkhat pulaak khia hi.
Hih khuaklam siavuan pa pen Dr. Eben Alexander hi-in khuaklam siavuan nu leh pa te sungpan a khangkhia mikhat ahihna dungzui-in hih cibang thupiang khawng nidangin um ngeilo hi. Amah pen tulai tak US gama sang minthang mahmah Harvard Medical School ah sangsia sem in Lynchburg General Hospital ahzong khuaklam siavuan semngei hi. Christian khat ahih hangin apuatham bekmah tawh um in Pasian in aki ciangtan theilo itna tawh hong it hi aci mite bang hehpih huai sa mahmah ngei hi.
Hibangteng kawmkal ah 2008 kum khawkhal hunsungin ama nasepna zatopi Lynchburg ah khuaphawk lo-in lumcip hi. E. coli bacteria lungno te in akhuaksung ah lut in akhuak neeksak ahih manin ni 7 sungbang khuaphawk lo hi. Apumpi’n bangmah phawklo bektham lo-in akhuak in nasem vetlo hi. Tua zatopi sunga khuaklam siavuan te in zong acih nading uh thei nawnlo in bawl laiding maw, bangcih ding ci-in lungka in aom laitak un zingsang khat amit hong kihongin khuaphawk kik mawk hi.
Akhuaphawk kik ciangin agei a siavuante kiangah ka khuaphawk lohsung in katun ngeilohna munkhat kava tung hi acihleh siavuante’n lamdang sa mahmah uh hi. Banghang hiam cihleh sihbupna pan a thokik mi pawlkhat in zong tuabang dan in maangmuhna neithei zel uh hi. Tuate pen khuaklam siavuante’n khuak sihui paidan manlo, khuak kisia hi cihsan lel uh hi.
Ahih hangin hih Dr. Eben Alexander a pen alamdan diak na-ah akhuaphawk lohsung in akhuak in na sem vetlo ci hi. Leitung pilna tawh a etciang un khuak in na semkei leh maangmuh theih nading piang thei peuhmah lo hi.

October 23 ni ciang akihawm khia ding laibu maitang
Dr. Eben Alexander in amaang muhna tawh kisai hi bangin gen hi:
“Meii lum kang pheuphao sungah ka tuang a vanduum dildial lakah ka lengto vingveng hi. Meii lumte tung pekpek asang mahmah mun katun ciangin ate deldel apaak selsal honlom tang vankuul dim in leng zialzial uh a, alenna nungnung vuah meikhu, tuikhu bangkhat in nungzuih deudeu kamu hi. Tuate pen vasa ciding maw, vantung mi ciding maw theizo keng, banghang hiam cihleh leitungah kamuh ngei nate tawh alum alet in kilamdang hi. Alim ameel te uh lamdang zaw, sangzaw peklai hi.
Tua bangin alenkawm un phatna late kipak takin sa-in lum damdam thawn vuavua hi. Hih khanei mite lungdam kipak mahmah uh ahih manun phatna late sa a gamlum uh hiding hi. Azenzen in phatna la sa-in kipak kei le-uh alungkim zolo ding phial in ka ngahsun hi,” ci-in pulaak hi.
Tua banah, “Hih kakhual zinna ah numei khat kagei ah hong om hi. Tuanu in itna mit tawh hong en a, tua itna pen nupa itna dan ahikei a, leitung a itna namkim kigawm khawm sang lianzaw lai hi. Tuakhit ciangin kammal kizangh lo aw tawh hong hopih a, keizong katel pah hi. Leitung pau in akhiatna akhia ding hileng hibang hiding hi,
Nangpen hong ki-it tawntung hi, nalau ding bangmah omlo hi, nasep khialhding bangmah omlo hi cihbang a khiatding hi inteh. Tuakhit teh kammal zanghlo mah in thu honggen a na tampi honglak ding hi-ung. Ahih hangin atawpna ah nangpen ciahkik ding hiteh hong ci hi,” ci-in genkik hi.
Tuateng khit ciangin khuamial bikbek lakah kipai pih a, tua khuamial lakah zong khuavaak bem veelval khatin lamlak in tonpih ci hi. Hih amaang muhna sungah leitung leh vantung (universe) pen itna tawh akidim, khat leh khat kizopna anei diimdiam ciat akikhen khia theiding bangmah omlo zah dongin mukhia hi. Dr. Eben Alexander in amaangmuhna agenkhiat ciangin ana seppih siavuan dangte bangin up hak sa mahmah uh hi. Ahih hangin aman bel, “Sunmang dan hi peuhmah kei, ka zineih ni leh ka tate suahni zah in akician ataktak hi,” cilai hi. Mi tampi in nate kantelna/theihna (Science) pen thuman thutak muhkhiat nading lampi hi acih mahbang un tutunga amuh/atuahkhak maangmuhna pen thuman thutak hi ci-in pulaak giap hi.
Dr. Eben Alexander pen khuaklam siavuan (neurosurgeon) asepzawh kum 25 val phakhin hi. Hong tungding October 23 ni ciangin Proof of Heaven: A Neurosurgeon's Journey into the Afterlife cih thulu tawh amaangmuhna laibu in gelhkhiat sawm hi. The Daily Beast: Oct 8, 2012 1:00 AM EDT
Amanglai tawh asimnuam te'n hih link ah nahawh le uh teh: http://www.thedailybeast.com/newsweek/2012/10/07/proof-of-heaven-a-doctor-s-experience-with-the-afterlife.html

No comments:
Post a Comment